ရူပါမန္တလာသို့ဟိုတယ်သို့ လာရောက်တည်းခိုကြမည့် ဧည့်သည်များ၏ ကျန်းမာရေးလုံခြုံစိတ်ချမှုရှိရန် ကျွန်ုပ်တို့၏ ပထမဦးစားပေး ဖြစ်တာနဲ့အညီ၊ သန့်ရှင်းပြီး သက်တောင့်သက်သာရှိသော ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ရန်အတွက် အောက်ပါအဆင့်များနှင့် လုပ်ထုံးလုပ်နည်းများကို အကောင်အထည်ဖော် ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။
- ဧည့်ကြိုဧရိယာ
- ဧည့်သည်တော်များအတွက် face mask နှင့် လက်အိတ်များ၊ ရေမလိုလက်သန့်ဆေးရည် အလိုအလျောက်ထုတ်ပေးသည့်စက်နှင့် ဖိနပ်ပိုးသတ်ဖျာ(shoe disinfection mat) ထားရှိပေးခြင်း။
- ကိုယ်အပူချိန်တိုင်းခြင်း။
- ဧည့်ကြိုကောင်တာတွင် ဧည့်သည်နှင့် ဝန်ထမ်းကြား ပလက်စတစ်အကာဖြင့် ကာထားပေးခြင်း။
- ဧည့်သည်နှင့် ဝန်ထမ်းကို (၆)ပေအကွာတွင်ရပ်ရန် အမှတ်အသားများသတ်မှတ်ပေးထားခြင်း။
- ဧည့်သည်၏မှတ်ပုံတင်ကဒ်(သို့)နိုင်ငံကူးလက်မှတ်၊ အခန်းသော့စသည်တို့ကို UV Machine ဖြင့်ပိုးသန့်စင်ခြင်း။
- အများသုံးအိမ်သာတိုင်းတွင် အာရုံခံကိရိယာသုံး ဆပ်ပြာရည်ထုတ်ပေးသည့်စက်များ တပ်ဆင်ထားပေးခြင်း။
- ဧည့်ခန်းဧရိယာအားလုံးကို နေ့စဉ်ပိုးသတ်ဆေးဖြင့်သန့်ရှင်းရေးပြုလုပ်ခြင်း။
- အိပ်ခန်းဆောင်များ
- အရက်ပျံ ၇၅% ပါဝင်သည့် Wet Tissue များကို အခန်းတိုင်းတွင် ထည့်ထားပေးခြင်း။
- အခန်းများကို ပိုးသန့်စင်စက်ဖြင့်နေ့စဉ်ပိုးသတ်ပေးခြင်း။
- လေအေးပေးစက်များကိုလည်း နေ့စဉ်သန့်ရှင်းပေးခြင်း။
- နံနက်စာ၊နေ့လည်စာ(သို့)ညစာအတွက် အခန်းတွင်းဝန်ဆောင်မှုပေးခြင်း။
- Check-out ထွက်သွားသောအခန်းများအား (၂၄) နာရီတိတိ ပိုးသတ်ထားစေပြီးမှ ပြန်လည်အသုံးပြုခြင်း။
- အစားအသောက်နှင့် အဖျော်ယမကာ
- သီးသန့်စားသောက်ခန်းများ၊ စားသောက်ခန်းမ နှင့် Bar ဧရိယာများတွင် လက်သန့်စင်သည့်နေရာထားရှိပေးခြင်း။
- စားပွဲခုံများကို အနည်းဆုံး (၆)ပေ ခွာထားခြင်း၊ လေဝင်လေထွက်ကောင်းသောနေရာတွင်သာ စားပွဲများကို ပြင်ဆင်ထားပေးခြင်း။
- အခြားဝန်ဆောင်မှုများ
- အခန်းတွင်းသို့ နံနက်စာ၊နေ့လည်စာ၊ညစာများကို စားသောက်ခန်းမတွင်သတ်မှတ်ထားသောဈေးနှုန်းများ အတိုင်း ဝန်ဆောင်မှုပေးပါမည်။
- ဧည့်သည်တော်ကြီးများ လိုအပ်သောအခါမှသာ အိပ်ခန်းဆောင်သန့်ရှင်းခြင်းကို ဝန်ဆောင်မှုပေးပါသည်။
- လူစုလူဝေးမဖြစ်ပေါ်စေရန် အများဆုံး (၈) ယောက်သာ ရေကူးကန်အသုံးပြုနိုင်ရန်စီမံထားပါသည်။
- ဟိုတယ်ကားများအသုံးပြုပါက ကားအတွင်း မျက်နှာကာ၊လက်အိတ် နှင့် လက်သန့်ဆေးရည်များအဆင်သင့် ထားရှိပေးထားပြီး ဧည့်သည်များအသုံးပြုပြီးတိုင်း ပိုးသတ်ဆေးဖြင့် သန့်ရှင်းပေးသော ဝန်ဆောင်မှုကိုလည်း စီစဉ်ထားပါသည်။
Leave a Reply